07 November 2010

aghoris

သတိပေးတားမြစ်ချက်
အောက်တွင် ဖော်ပြထားသော  ဗီဒီယိုသည် ခလေးများ၊  နှလုံးရောဂါရှိသူများနှင့်   ကြောက်တတ်သူများအတွက်  ကြည့်ရူ့ရန်  မသင့်တော်သောကြောင့်    မကြည့်ရူ့ရန်တင်းကြပ်စွာ တားမြစ်ပါသည်။

အိန္ဒိယပြည်၏  ဘာသာရေးမြို့ဖြစ်တဲ့ ဗာရာဏသီမြို့နယ်(varanasi) ကို   ကျွန်တော်နှင့်အတူ ခင်ဗျားတို့ကို အလည်ခေါ်သွားပါ့မယ်။  မွတ်ဆလင် ဘာသာဝင်များအတွက်  မက္ကာမြို့ဟာ အရေးပါသော အထွတ်အမြတ်မြို့ဖြစ်သလို ဟိန္ဒူဘာသာဝင်များ အတွက် ထိုမြို့ဟာလည်း အထွတ်အမြတ် ထားတဲ့မြို့ဖြစ်တယ် ။ ကျွန်တော်တို့ဗာရာဏသီမြို့နယ် ကိုရောက်ပြီဆိုတာနဲ့  ထူးဆန်းသော လူများဖြစ်တဲ့ ဆာဒူးများကို  နေရာအနှံမှာ တွေ့ရမှာပါ။

 အဲဒီထဲကမှ  Aghoris လို့ခေါ်တဲ့ ဆာဒူး တွေရဲ့  အကြောင်းအနည်းငယ်လောက်  လေ့လာကြည့်ရအောင်။ ထိုAghoris ဆိုတဲ့ ဆာဒူးတွေဟာ    တန်ခိုးစွမ်းအင်တွေ ရရှိအောင်      ဘယ်လိုကျင်ကြံပြီးနေထိုင်စားသောက်ကြလဲဆိုတာပါ။  သူတို့ကိုယ်သူတို့တော့  သံသရာမှ လွတ်မြောက်အောင်  ကျင့်ကြံခြင်းတဲ့ဗျာ။ ပြီးတော့ သူတို့ကိုယ်သူတို့က  ဘုရားပါတဲ့။ ကျွန်တော်ကတော့  အပြင်းအထန်ကို   ကန့်ကွက်ရူံချပါတယ်။  ကျွန်တော်တို့  ယဉ်ကျေးတဲ့  လူဘောင်အဖွဲ့အစည်းမှာ  ထိုသို့သော   သူများကို  လက်ခံလို့မရပါဘူး။  ထိုAghoris များကို  လက်ခံယုံကြည်ပြီး  ကိုးကွယ်သူများကိုလည်း   ကျွန်တော်ကတော့   ဦးနှောက်မဲ့သော  လူရူးများလို့ပဲ  ဆိုချင်ပါတယ်။

ကဲ ဘာကြောင့်  ကျွန်တော် အဲဒီလိုပြောရတာလဲဆိုတာ  သင်ကိုယ်တိုင် ပဲဆုံးဖြတ်ပါ။ကျွန်တော် အောက်မှာ ဖော်ပြထားတဲ့  ဗီဒီယိုနှင့်  ဖော်ပြပေးထားတဲ့ Youtube ကLink ကို ကြည့်ပြီးပြီဆို  ကျွန်တော့် အပြောမလွန်ဘူးဆိုတာ  သင်လက်ခံလာလိမ့်မယ်လို့ယုံကြည်ပါတယ်။

Aghoris  တစ်ယောက်ရဲ့  ကျင့်စဉ်ကတော့ သချုင်္ိင်းမြေမှာ  နေထိုင်ပြီး  လူသားစား၍ သံသရာမှ လွတ်အောင်ကျင့်ခြင်းတဲ့။  လူသေအလောင်းများအား  မီးရို့ပြာချရာ  သချုင်္ိင်းမြေသည်  Aghoris များ၏  တရားကျင့်ရာ နေရာပင်တည်း။ သုဿန်မြေတွင် ဆယ့်နှစ်နှစ်နေထိုင်ပြီး သေဆုံးသော လူများ၏ အသားကိုစားခြင်းဟာ  သူတို့ရဲ့တရားကျင့်ခြင်းပါပဲတဲ့ဗျာ။ လူသေများအား  မီးရို့ပြာချထားသော  ပြာများအား တစ်ကိုယ်လုံးလိမ်းကျံကာ  လူဦးခေါင်းခွံအရိုးဖြင့် ရေသောက်သော   Aghoris တွေရဲ့  ဆရာသခင်ကတော့  Shiva ပါ။ အခုအခါမှာတော့  ရူးသွပ်သော  အချို့  အနောက်နိုင်ငံသားများပင်   ထိုလမ်းစဉ်ကို  အတုယူကာ  ကျင်ကြံနေကြသည်။  ထိုသို့သော မှားယွင်းသည့်  အယူအဆအား  ဝိုင်းဝန်းရူံချကြပါစို့။

သတိပေးတားမြစ်ချက်
အောက်တွင် ဖော်ပြထားသော  ဗီဒီယိုသည် ခလေးများ၊  နှလုံးရောဂါရှိသူများနှင့်   ကြောက်တတ်သူများအတွက်  ကြည်ရူ့ရန်  မသင့်တော်သောကြောင့်    မကြည့်ရူ့ရန်တင်းကြပ်စွာ တားမြစ်ပါသည်။

WARNING       
The following video contains some scenes which might not be suitable for children’s and weak hearted people. 


Ref:
http://www.youtube.com/watch?v=m6JnZovpMJ0
http://rammy-time2know.blogspot.com/2009/03/agoris-eating-dead-body-video.html








6 comments:

မြစ်ကျိုးအင်း said...

ဘာလုပ်ရမှန်းတောင် မသိတော့ဘူးဗျာ
ရောက်လာတာက ညသန်းခေါင်ကြီး ဖြစ်နေတယ်။
မနက်မှပဲ တခေါက်လာကြည့်တော့မယ်ဗျို့

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင့်အင်း
ကြည့်ရဲဘူး
စာတွေတော့ဖတ်သွားတယ်.. ပုံတွေကြည့်ပြီး တော်တော်နဲ့ မျက်စိထဲက ထွက်မှာ မဟုတ်လို့ မကြည့်ပါရစေနဲ့ ။

မြစ်ကျိုးအင်း said...

တကယ့်သောက်ရူးတွေဗျာ
ကြည့်ပြီး အန်တောင်အန်ချင်တယ် လက်ကို လှီးပြီးတော့ကို ဖြတ်နေတော့တာပဲ
ရွံစရာဗျာ

ကြည်ဖြူပိုင် said...

ဟုတ်ကဲ့...စာရေးဖို့အားပေးတာကျေးဇူး......
အနော် ....အားလပ်ချိန်လောက်ကျရေးပါမယ်
ကျေးဇူးနော

tsawtsaw said...

စာဖတ်ပြီးတော့ အရမ်းကြည့်ချင်နေတာနဲ့ 
သူငယ်ချင်းတစ်ယောက်ကိုအဖေါ်ညှိပြီး
ကြောက်ကြောက်နဲ့ ပဲကြည့်လိုက်တယ်
ဟီးးးးးးးးးးးးးးးးး
ရွံစရာကြီး ......ညထမင်းတောင်စားနိုင်ပါ့မလားမသိဘူး

ahphyulay said...

အင်း...
အယူတွေတိမ်းတော့  နတ်စိမ်း တွေ ဖြစ်နေကြတာပါပဲ။
လူ့ ဘုံအသိုင်းအဝိုင်းက လုံးဝ ပစ်ပယ်ရတော့ မဲအယူတွေပါပဲ။
သူတို့ က မသေခင်နတ်စိမ်း ၊ သေတော့  သရဲအစိမ်းပဲ
ဖြစ်မှာ..။