31 October 2010

အတ္တရဲ့ ထိုးနှက်ချက်

မရှိတဲ့ သိက္ခာ  အရောင်တင်ဖို့
မာနတခုကို ယုံကြည်မူနဲ့   တွဲဖက်ရင်း
ကိုယ်မျှော်လင့်ရာ   လျှောက်လှမ်းခဲ့လို့

 လူတွေမဲ့ရာ    ဆိတ်ကွယ်ရာမှာ
လွမ်းတယ်ဆိုတာ   စက္ကန့်မလပ် ညည်းဆိုလို့
မဆုံးနိုင်တဲ့     ကြေကွဲမူတွေကို
မျက်တောင်တွေပဲ     ပုတ်ခတ်ရင်း
နောင်တတွေသာ     အဖော်ပြုပြီး
ရင်နင့်စွာ  လွမ်းနေတဲ့       ကိုယ့်စိတ်အစဉ်ကို
ကိုယ့်ချစ်သူတော့    သိမယ်မထင်ပါ။   ။

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆက်ရန်မလာသေးဘဲ ကဗျာက အရင်လာတယ်ဆိုတော့ ခံစားချက်တွေ တော်တော်ပြင်းထန်နေပုံရတယ်..