31 October 2010

အတ္တရဲ့ ထိုးနှက်ချက်

မရှိတဲ့ သိက္ခာ  အရောင်တင်ဖို့
မာနတခုကို ယုံကြည်မူနဲ့   တွဲဖက်ရင်း
ကိုယ်မျှော်လင့်ရာ   လျှောက်လှမ်းခဲ့လို့

24 October 2010

အပေးအယူ (၂)

                                                 အခန်း(၄)
        စက်ပေါ်ရောက်နေသော  လူများလည်းကြောက်လန့်သော ဝေခွဲမရသည့်  အကြည့်များဖြင့်  ဦးဘ ချစ်အား ကြည့်နေကြတော့သည် ။ အနီးအနားမှ လူများလည်း  စူးစမ်းလိုသောသဘောဖြင့်  ဝိုင်းအုံလာကြ လေသည်။ စက်ပေါ်မှလူများလည်း  ကြောက်လန့်နေကြသော်လည်း ဦးဘချစ်အား Cabin ထဲမှထုတ် ကာ   မြေကြီးပေါ်သို့ချီချကြလေသည်။  အစောပိုင်းက အမိန့်စာပြန်ခဲ့သော အရာရှိကြီး၏မျက်နှာ သည် လည်း  လငပုတ်ဖမ်းထားသကဲ့သို့ ရှိတော့သည်။  မျက်လုံးတွေပြူးပြီး လျှာထွက်ကာ သွားရည်များ လည်း ကျနေသော ဦးဘချစ်အား ဝိုင်းအုံပြီး ကြည့်နေသူများသည် ထင်ကြေး အမျိုးမျိုးပေးကြတော့သည်။

17 October 2010

အပေးအယူ (၁)

                                                    အခန်း(၁)
                    ရာဇ၀င်ကျမ်းများ နှင့် ဗုဒ္ခဝင်ကျမ်းများတွင်  ဘီလူးဆိုသော ပရလောက ဘုံသားများ ရှိသည်ကို  ဖော်ပြထားပါသည်။  ဗုဒ္ဓကျမ်းဂန်၌ ဘုရားရှင်လက်ထက်မှာ  အာဠ၀ီပြည် အနီးနားရှိ တောထဲတွင် ညောင်ပင် တစ်ပင်ကို အပိုင်စားရပြီး နေထိုင်သော   အာဠာဝက  ဘီလူးရှိခဲ့လေသည်။    သူ၏ ညောင်ပင်အောက် ရောက်လာသူကို   စတုမဟာရာဇ်နတ်မင်းက သူ့အားဖမ်းစားခွင့်  ပေးထားလေ၏။   တစ်နေ့သ၌ ဗုဒ္ဓဘုရားရှင်   ရောက်လာပြီး  ဆုံးမ၍ နောက်ဆုံးတွင် အကျွတ်တရားရကာ သောတာပန် တည်လေသည်။

01 October 2010

ကျွန်ုပ်နှင့် ထူးဆန်းသော သစ်ပင်

          ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏  မေတ္တာပို့နည်း၌  မြင်အပ်၊ မမြင်အပ် နှစ်ရပ်များစွာ
သတ္တဝါဟု  ဖေါ်ပြလေသောကြောင့်  မမြင်ရသော်လည်း ရှိသည်ဟု သတ်မှတ်ထားသော နာမ်လောကအားလက်ခံကြလေသည်။ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ြကီးသည်  “၃၁ဘုံ” ဟုအတိအလင်းဟောကြားထားသော်လည်း  ကျွန်ုပ်တို့လူးသားများကား တွေးကြည့်သူများ ထက် ပြေးကြည့်သူများသာများလေသောကြောင့် လူဘုံနှင့် တိရစ္ဆာန်ဘုံသာမြင်ရလေသည်။ ထို့အတွက်ကြောင့်လည်းမမြင်ရသော  ပရလောကသားများနှင့် ပတ်သက်သောအကြောင်းကိစ္စများ၌  ငြင်းခုန်ရစမြဲပင်တည်း။ကျွန်ုပ်လည်း ပြေးကြည့်သူများစာရင်းတွင် ပါဝင်သောကြောင့်  ကျွန်ုပ်၏  တစ်သက်တာတွင်   သရဲတစ္ဆေဆိုသည်များအား  မျက်စိဖြင့် မမြင်ဘူးသော်လည်း  မရှိပါဟု   တဖက်သတ် မပြောရဲကြောင်း   ဝန်ခံရပေမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တစ်သက်တာတွင် ကြုံခဲ့ရသော တချို့သောထူးဆန်းသည့် အဖြစ်အပျက်များသည် တစ္ဆေသရဲ ဆိုသည်အား မယုံကြည်သောကျွန်ုပ်အား  စိန်ခေါ်လှောင်ပြောင် သရော်နေသကဲ့သို့ရှိတော့သည်။