ငါ့အဘိုးငယ်ငယ်က ငေးကြည့်ခဲ့တဲ့ ကောင်းကင်ပြာကြီး
အခုလည်း ပြာနေဆဲမို့
လယ်ထဲဆင်းမယ့် နွားတစ်အုပ်က
တောက်ခေါက်နေလေရဲ့။
Pages
Labels
believe it or not
(1)
Own Tune
(1)
ကဗျာ
(6)
ကိုယ်တွေ့ မှတ်တမ်းများ
(2)
နည်းလမ်းများ
(1)
ပရလောက
(3)
ဝတ္ထုတို
(3)
23 September 2010
16 September 2010
ကျွန်ုပ်နှင့်တောဆင်ရိုင်း(၂)
ကျွန်ုပ်တို့ လည်း ဆင်ရန်အေးသွားမှ ထိုအဖွဲ့၏ စက်ဆရာအား အကျိုးအကြောင်းမေးရတော့သည်။ထိုဆင်ရိုင်းအုပ်သည် တောစပ်တွင်ရှိသော ငှက်ပျောတောအား ဝင်ရောက်စားသောက်နေသည်ကို သူတို့အဖွဲ့မှ သိ၍ ထိုဆင်များ၏ အန္တရာယ်မှ ကာကွယ်ရန် စက်များအား အဆင်သင့် နိုးထားကြောင်း။ဆင်အုပ်ထဲမှ ထိုဆင်မှာ တောထဲမှ ထွက်လာပြီး စက်ဆီသို့ ရန်ပြုရန်ပြေးလာသည်ကို စက်ဆရာမှBucket အားလေထဲတွင် မြောက်ထားပြီး ဆင်သည်ခွက်အောက်သို့ ရောက် ချိန်၌ ဆင်၏ကိုယ်ပေါ်သို့ ခွက်အား စိုက်ချရာ ဆင်သည်မြေသို့ ဒူးတုပ်ကာလဲလေတော့၏။ ထိုနောက် ခွက်ဖြင့် ဆင်၏ခေါင်းအားထပ်ထုရာ ဆင်မှာ မြေသို့ဘုံးဘုံးလဲ လေတော့သည်။ ထိုနောက် Bucket တွင်ရှိသော အစွယ်များဖြင့် ဆင်၏လည်ပင်းအား ထောက်ကာဖိထားခြင်း ဖြစ်ကြောင်း ရှင်းပြလေတော့သည်။
ရွာခံလူများလည်း ထိုတောဆင်အန္တရာယ်မှာ နှစ်တိုင်းကြုံနေရကြောင်း။ တခါတရံ ရွာတွင်းသို့ပင် ဝင်ရောက်တတ်ကြောင်း ပြောလေတော့သည်။ တချို့မှာတောတက်သွားရင်း ဆင်နှင့်တိုးကာ အသက်သေဆုံးတတ်ပုံများ ပြောပြလေတော့သည်။ ကျွန်ုပ်တို့လည်း ဆင်များပြန်လာမည့်ပုံ မပေါ်သည်နှင့် ထိုလူများအား နူတ်ဆက်ကာ ကိုယ်နေရာသို့ကိုယ်ပြန်လာကြလေသည်။
ကျွန်ုပ်နှင့် ကိုကျော်နိုင်လည်း ဆင်ရန်စိုးရိမ်၍ မအိပ်ဝံ့ဘဲ စကားထိုင်ပြောရာ မိုးစင်စင်လင်း လေတော့သည်။ ကျန်လူများလည်း အိပ်ပျော်မည် မထင်ပါ။

Labels:
ကိုယ်တွေ့ မှတ်တမ်းများ
11 September 2010
ကျွန်ုပ်နှင့် တောဆင်ရိုင်း (၁)
သေခြင်းဟူသောတရားသည် မွေးဖွားခြင်းနှင့် အတူ ယှဉ်တွဲ၍ ပါလာသောကြောင့် တခါတရံ၌ သေမင်းသည်သူ၏ တာဝန်အား ကျေပွန်စွာ ထမ်းဆောင်ရန် တချို့သောသက်ရှိသတ္တဝါများအား မထင်မှတ်သောအချိန်၌ လောကကြီးမှ ရုတ်တရက် ခေါ်ဆောင်သွားတော့သည်။
သာယာလှသော စမ်းချောင်းလေးအသွင်ဖြစ်နေသော ရေခမ်းစပြုနေ၍ ဒူးခေါင်းမျှသာ ရေရှိသောချောင်းတလျောက် ကျွန်ုပ်သည် အပူအပင်ကင်းစွာ တလှမ်းခြင်းလျှောက် နေလေသည်။
ကြည်လင်သောရေထဲ ကူးခတ်နေကြသော ငါးကလေးများအား ကြည့်ရင်းမြို့ပြတွင် ဘယ်လိုမှမရနိုင်သော ခံစားမူအား အပြည့်အဝ ရယူနေတော့သည်။ ကြည်နူးနေသော ကျွန်ုပ်၏ စိတ်အား ခြေထောက်ဆီမှ တဖြည်းဖြည်း အေးခဲလာသော အသိစိတ်က နှောက်ယှက် ဖျက်ဆီးလေတော့သည်။ ထိုစဉ် မမျော်လင့်သော ချောင်းဖျားဆီမှ အလုံးလိုက်အရင်းလိုက် စီးဆင်းလာသော ရေများသည် ကျွန်ုပ်၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားတော့သည်။

01 September 2010
အဖြေမှန်
အလွန်မှ စိတ်ချမ်းသာစရာ ကောင်းသော စနေနှင့် တနင်္ဂနွေ အားဖြတ်သန်းပြီးနောက် တနင်္လာနေ့၏
မနက်ခင်း တခုတွင် ကျွန်တော်သည် အိပ်ရာမှ နိုးထလာပြီး နာရီအား ကြည့်လိုက်ရာ ရှစ်နာရီထိုးနေပြီ။
မနက်ခင်း တခုတွင် ကျွန်တော်သည် အိပ်ရာမှ နိုးထလာပြီး နာရီအား ကြည့်လိုက်ရာ ရှစ်နာရီထိုးနေပြီ။
Labels:
ဝတ္ထုတို
Subscribe to:
Posts (Atom)