23 September 2010

သက်ပြင်းချခြင်း

ငါ့အဘိုးငယ်ငယ်က  ငေးကြည့်ခဲ့တဲ့ ကောင်းကင်ပြာကြီး
အခုလည်း ပြာနေဆဲမို့ 
လယ်ထဲဆင်းမယ့်  နွားတစ်အုပ်က
တောက်ခေါက်နေလေရဲ့။



မြို့ပြကြီးထဲ  အမဲလိုက်သူတွေ
ဇာတ်ထောင်မလို့  လူပျက်ရှာနေတော့
အိပ်တန်းတက်မယ့်  ငှက်ငယ်တွေ
Cat walk လျောက်ရင်း  သက်ပြင်းချနေလေရဲ့။

 ကမ္ဘာကြီးလည်း  အိပ်ချင်ယောင်ဆောင်ရင်း
 ဟောက်နေမှတော့   ကြိုးကြာငှက်တွေလည်း
 စားကျက်ပြောင်းရင်း   ကြီးတော်ကိုပဲ လွမ်းရတာပေါ့။

“နွားကွဲလို့ ကျားဆွဲတယ်”ဆိုတဲ့ စကားပုံတောင်မင်းနဲ့ မထိုက်တန်လို့ ငါမသုံးပါဘူး  အရူးကြီးရေ
အရူးဘုံမြှောက်လို့  ချေးခြောက်စားရင်း
မင်းဖာသာ မိုက်နေတာမထူးဆန်းပေမဲ့
ငါကတော့နဂါးနီသီချင်းကို   အလွတ်ကျက်နေဆဲ။

ငါ့တို့သက်ပြင်းချသံတွေကြောင့်  
ဘုရင့်နောင်က  သူ့နည်းကိုသာ
သုံးကြည့်ပါလို့  အကြံပေးနေလေရဲ့။

3 comments:

မင်းဒင် said...

ကိုရင့်ကဗျာက ဝေဒနာတခုခု ကိုပေးနေသလိုပဲဗျာ ။

ခင်လျက်

မင်းဒင်

မြစ်ကျိုးအင်း said...

ကမ္ဘာကြီးက အိပ်ချင်ယောင် ဆောင်တာထက်
စိုးရိမ်ပါတယ် အထူးစိုးရိမ်မိပါတယ် ဆိုတဲ့ ကြေငြာချက်တွေပဲ ထုတ်နေသလားလို့

ကဗျာ ဖတ်ပြီး ကိုယ့်အတွေးနဲ့ ကိုယ် ဆွဲတွေး ကြည့်မိတယ်။

ကြည်ဖြူပိုင် said...

ကဗျာလေးလှလိုက်တား)
မဆလာစပ်တဲ့ အချိုးကို အိမ်ကိုဖုန်းဆက်တဲ့အခါမေးကြည့်လိုက်မယ်နော်။
သိရင်လာပြောမယ်။ မေမေ တခါက အိန္ဒိယအန်တီတယောက်ကိုမေးပြီး သူလုပ်ကြည့်ဖူးတယ်း)