01 September 2010

အဖြေမှန်

  အလွန်မှ  စိတ်ချမ်းသာစရာ  ကောင်းသော စနေနှင့် တနင်္ဂနွေ အားဖြတ်သန်းပြီးနောက် တနင်္လာနေ့၏
 မနက်ခင်း တခုတွင် ကျွန်တော်သည်  အိပ်ရာမှ နိုးထလာပြီး  နာရီအား ကြည့်လိုက်ရာ  ရှစ်နာရီထိုးနေပြီ။

    “ဟိုက် ..ဘုရားရေ”
 ကျွန်တော်သည် ဘုရားတ၍ ခုတင်ပေါ်မှ ခုန်ဆင်းကာ အိမ်သာတက်ခြင်းနှင့်  သွားတိုက်ခြင်းအား တပြိုင်တည်း ပြုလုပ်ရတော့သည်။  ထို့ နောက် မျက်နှာ ကပျာကယာသစ်ပြီး
 တွေ့ သောအဝတ် ကောက်ဝတ်ကာ  ရုံးသို့ ပြေးရတော့ သည်။ကျွန်တော်တို့ ၏ ရုံးသည်  ရှစ်နာရီခွဲ၌ ရုံးတက်၏။ စိတ်ထဲမှလည်း “ရုံးနောက်ကျနေပြီ သူဋ္ဌေးဆူတော့ မယ်” ဟု အပြန်ပြန်အခါခါ ဂါထာရွတ် နေသကဲ့သို့  ရှိတော့ သည်။ အဘယ်ကြောင့် ဤမျှစိုးရိမ်စိတ် ဝင်သနည်းဆို သူဋ္ဌေးသည် စည်းကမ်းကြီးသော အလွန်တရာမှ အပြစ်ရှာတတ်သော ပုဂ္ဂိုလ်ပင်တည်း။ ကိုးနာရီထိုးခါနီးမှ
  ရုံးသို့ ရောက်လေတော့ သည်။
       ရုံးအတွင်းရှိ လူများအား နူတ်ခွန်းဆက်ပြီး အလုပ်စားပွဲပေါ် အိတ်လေးချ၍  ကွန်ပြူတာအား
ဖွင့် ရန် ဟန်ပြင်တုန်းရှိသေး ဘေးချင်းကပ်လျက် စားပွဲမှ တရုတ်မလေးသည်  လေသံတိုးတိုးဖြင့်  ပြောလေသည်။
      “မောင်မောင် သူဋ္ဌေးက  မင်းရောက်ရင် သူ့ ကိုလာတွေ့ ပါတဲ့ ”
      “အမ်.. ဘာဖြစ်လို့ လဲ”
       “မသိဘူးလေ  မင်းနောက်ကျတာ ဆူဖို့ နေမှာပေါ့ ”
      “အေး ကောင်းပြီ ကျေးဇူးပဲ ငါသွားတွေ့ လိုက်အုံးမယ်”
     ကျွန်တော်လည်း  သူဋ္ဌေးရဲ့ အခန်းအား တံခါးခေါက်ပြီး အသာလေးဖွင့် ကာ
   “Morning သူဋ္ဌေး”
   “ အေး.. လာ..ထိုင်အုံး”
    သူသည် ကျွန်တော်အားထိုင်ခိုင်းပြီး သူလုပ်စရာရှိ သည်ကို လုပ်နေသည်။  ကျွန်တော်လည်း စိတ်ထဲတွင် ငါ့ ဆူတော့မယ်ထင်တယ်ဟု တွေးပြီးပူ နေလေသည်။
    “မောင်မောင် လုပ်ငန်းအသစ်အတွက် စာရွက်စာတမ်းတွေ ပြီးပြီလား”
     “ လုပ်နေတုန်း မပြီးသေးဘူး”
     “မြန်မြန် လိုချင်တယ်ကွာပြီးအောင် မြန်မြန်လုပ်ပေး။
      ငါ အစည်းအဝေးသွားရမှာ  မင်းကိုငါ စောင့် နေတာ”
      “ဘာအတွက်လည်း သူဋ္ဌေး”
       “ငါ့ လက်(ပ်)တော့ရဲ့ DVD ရိုက်တာကအခွေအထုတ် အသွင်းမရဘူးဖြစ်နေတယ်
       ငါအခုအစည်းအဝေးမှာ  သုံးစရာရှိတယ် မင်းအချိန်ဘယ်လောက်ယူပြီး ပြင်ပေးနိုင်မလဲ”
       ကျွန်တော်လည်း သူ၏ စက်အားစမ်းကြည့်ပြီး သူ့ အားအကြံတခုပေးလိုက်လေတော့ သည်။
       မှတ်ချက်။    ။ မသိသေးသူများသာရည်ရွယ်ပါသည်။
                        Laptop တွင် CD Eject ဘယ်လိုနည်းနဲ့ မှလုပ်မရပါက ဤသို့ လုပ်ပါ။
                        Eject လုပ်သောခလုပ်ဘေးတွင် အပေါက်သေးသေးလေး တစ်ပေါက်ရှိပါတယ်
                        ထိုအပေါက်ထဲ  ပင်အပ်ဖြင့် ဖြေးဖြေးလေးထိုး လိုက်ပါ အခွေထဲ့ သောအံလေး
                        ပွင့် လာပါမယ်။
    ထို့ နောက် သူဋ္ဌေးလည်း ကျွန်တော်အား ကျေးဇူးတင်ကြောင်းပြောကာ မှာစရာရှိသည်များမှာပြီး အပြင်သို့ သွားလေတော့ သည်။ ကျွန်တော်လည်း ကိုယ့်စားပွဲကိုယ်ပြန်လာပြီး လုပ်စရာရှိသည်များ
လုပ်ရန် ပြင်တော့ သည်။  ဤတွင် ဇတ်လမ်းစလေတော့ သည်။

     “မောင်မောင်  ရော့နင့်အတွက် ကော်ဖီ”
     ဘေးချင်းကပ်လျက် စားပွဲမှ တရုတ်မလေးသည် သူဖျော်ပေးထားသောကော်ဖီ အားလှမ်းပေး၏။
 ကျွန်တော်တို့  Section တွင်သူမနှင့် ကျွန်တော် နှစ်ဦးထဲသာ ရှိသည်။  ကျွန်တော်သည် သူမ၏ Senior
 လည်းဖြစ်ပေသည်။  သူမသည် ကျောင်းပြီးကာစဖြစ်၍  လုပ်ငန်းအတွေ့ အကြုံ  နုသေးသော်လည်း
 စေ့စပ်သေချာ၏။  ချောမောလှပသော်လည်း  စကားပြောပွင့်လင်း၏။  စကားပြောလျင် အမြဲတမ်းပြုံး၍
 ပြောတတ်ပြီး  ကျွန်တော်ကို  မကြာမကြာစိတ်ကောက်တတ်၏။  အခုလည်း ကျွန်တော်အား အနိုင်ကျင့်ရန်  မည်သည့် အကြံထုတ်နေ သည်လည်းမသိပေ။
    “ ကျေးဇူးပဲ..ငါပေးထားတဲ့ အလုပ်တွေပြီးပြီလား”

     “ မပြီးသေးဘူး  လုပ်ရင်းနှင့် မှားမှားနေလို့  အဲ့ဒါနင်ကူပေးနိုင် မလား ဘေးကနေ 
        ဘာလုပ်ရမယ်ဆိုတာ ပြောရင်ရပြီ”
      “ကောင်းပြီလေ”    
     အဲဒီလိုနဲ့   သူ့ စားပွဲသို့   သွားပြီး သူမ နားမလည်သည်များအား ကျွန်တော်သည် ကော်ဖီ
သောက်ရင်း    ရှင်းပြရတော့ သည်။
      သူမသည် အလုပ်လုပ်နေရင်းမှ  ကျွန်တော်အား ဉာဏ်စမ်း တခုမေးလေသည်။
“ မောင်မောင် မင်းမှန်အောင်  ဖြေနိုင်ပါ့ မလား”
“မင်းအရင် ပြောကြည့်လေ”
    သူမ၏  ပဟေဠိ ပုံပြင်လေးကဒီလိုပါ။ 

“ God သည်  ထမင်းစားခန်း သို့ ဝင်လာပြီး  ညစာစားရန်ပြင်လေသည်။ သူ၏ ဟင်းထည့်သော ရွှေခွက်အား မတွေ့ ၍  လိုက်ရှာရာ ရေဆေးသော ကျောက်သားအတိပြီးသည့် ခုံပေါ်၌တွေ့ လေသည်။
 သူသည် ခွက်အားယူလိုက်ရာ ခွက်အတွင်း၌  စားကြွင်းစားကျန်များအား စားနေသည့်   ပိုးဟပ်သုံးကောင်
 အားတွေ့ လေသည်။  God လည်းစိတ်ဆိုးပြီး      အပြစ်ပေးသည့်အနေဖြင့်
 ထိုရွှေခွက်အား မှောက်ကာ   ထိုပိုးဟပ်သုံးကောင်အား ကျောက်ခုံပေါ်တွင် အုပ်ထားလိုက်တော့သည်။
 God လည်းစိတ်ဆိုးကာ  ညစာမစားတော့ ဘဲ အပြင်ထွက်သွားတော့ သည်။
 ထိုပိုးဟပ် သုံးကောင်တွင် နှစ်ကောင်သည် အထီးဖြစ်၍ တစ်ကောင်မှာ အမဖြစ်၏။
အထီးနှစ်ကောင်တွင် တစ်ကောင်သည် ခေါင်းကြီးပြီး ကိုယ်လုံးထွား၏။တစ်ကောင်မှာ ခေါင်းပြား၍  အကောင်သေး၏။အထီး နှစ်ကောင်သည် သူတို့ အား အုပ်ထားသောခွက်တွင် ကပ်နေသော
အစာများအား   အေးအေးဆေးဆေးပင်  စားနေလေသည်။

     အမမှာ  မှောင်မဲနေသော  ခွက်အတွင်း  ယောက်ယက်ခတ်ပြေးလွှားပြီး  ထွက်ပေါက်ရှာလေသည်။
 ရှာ၍ မတွေ့ သည့် အဆုံး၌  အော်ငိုလေတော့ သည်။  ထိုအခါ ခေါင်းကြီး၍ အကောင်ထွားသော
 ပိုးဟပ်က  ဘာဖြစ်လို့ ငိုနေတာလဲဟု မေးလေသည်။ ပိုးဟပ်မ လည်း ထွက်ပေါက်မရှိ၍  အထဲတွင် ပိတ်ပြီး  သေရမှာကြောက်၍  ငိုကြောင်းပြောလေသည်။  ခေါင်းကြီးသော ပိုးဟပ်လည်း သူ့ မှာအကြံ  ရှိကြောင်း  ခေါင်းကြီး၍ ဉာဏ်ကြီးပြီး  လွတ်နိုင်မည့်နည်းအား  စဉ်းစားပေးနိုင်ကြောင်းပြော၍  မငိုအောင် အားပေးလေသည်။
 
    အမလည်း သူ့ အားလွတ်မြောက်မည့်  နည်းလမ်းအားပေးရန် ပြောလေသည်။   ခေါင်းကြီးအထီးလည်း
 အပေးအယူ တခုလုပ်ရမည်  ဖြစ်ကြောင်းအလကား  မပေးနိုင်ကြောင်းပြောလေသည်။  ထိုအပေးအယူမှာ သူနှင့် ယခုညအား အိပ်ရမည် ဖြစ်ပြီး  မနက်ဖြန်တွင်  နည်းလမ်းအားစဉ်းစားပေးမည် ဖြစ်ကြောင်းပြောလေသည်။  အမလည်း သဘောတူလိုက်ကာ   ထိုညအား  ခေါင်းကြီးအထီးနှင့်  အိပ်လေသည်။

    မိုးလင်းသော်  ခေါင်းကြီးအထီးကောင်ထံမှ  မည်သည့်နည်းလမ်းမှ  ထွက်မလာပေ။  ပိုးဟပ်မ လည်းအော်ငို ပြန်လေတော့သည်။  ထိုအခါမှ  ခေါင်းပြားအထီးလည်း  အမနားချဉ်းကပ်လာပြီး
 မငိုရန် ဖြောင်းဖြ၍  သူ့ တွင်  နည်းလမ်းရှိကြောင်း ၊ သူ၏ခေါင်းပြားဖြင့် ခွက်အောက်မှ ထိုး၍ မထားပေး
 မည်ဖြစ်ကြောင်း  သူကမထားစဉ်  ခွက်အောက်မှ လွတ်အောင်ထွက်နိုင်ကြောင်း ပြောလေသည်။
သို့ သော် သူနှင့်တစ်ညအိပ်၍  အပေးအယူ လုပ်ရမည် ဖြစ်ကြောင်းပြောရာ အမလည်း သဘောတူ၍
 ခေါင်းပြားသောအထီးနှင့်  ထိုညအား အိပ်လေတော့ သည်။
    မနက်ရောက်သော်  ခေါင်းပြားကောင်လည်း  တညလုံးပင်ပန်းထားသောကြောင့်  ခွက်အားမ၍ မရကြောင်း  အကြာင်းပြလေသည်။ ပိုးဟပ်အမ လည်းငို၍သာ နေတော့သည်။ ထိုနေ့ ညနေတွင် God လည်းညစာစားရန် ထမင်းစားခန်းသို့  ဝင်လာလေသည်။  သူသည်ရွှေခွက်အား  တွေ့ ပြီး ပိုးဟပ်သုံးကောင်
 အားအမှတ်ရ၍  လှန်ကြည့်ရာ  အထဲတွင် တစ်ကောင်မှ မရှိတော့ ပေ။  God လည်းခေါင်းမီးတောက်လောက်အောင်  စဉ်းစားသော်လည်း  စဉ်းစား၍အဖြေမရပေ။
 ကဲ မောင်မောင်  ပိုးဟပ်သုံးကောင် ဘယ်လိုနည်းဖြင့်  လွတ်သွားတယ်ဆိုတာ မင်းဖြေပေတော့ ”
      ကျွန်တော်လည်း စဉ်းစား၍ရ သောအဖြေများအား  တခုပြီးတခုဖြေလေသည်။  သူမ လည်း ကျွန်တော်တနေကုန်  ပြောသမျှ   မှားသည်ဟုသာ ဖြေနေတော့ သည်။ ရုံးဆင်းကာနီးချိန်တွင်
သူမသည်  အဖြေရပြီလား ဟုမေးလေသည်။

   “ကဲ Rena ငါအရူံးပေးပါတယ်   အဖြေပြောပေတော့”
   “မောင်မောင်  အလကားတော့ မပြောနိုင်ဘူး မင်းဂတိတခု ပေးမှငါ အဖြေမှန်ပေးမယ်”
   “ကောင်းပြီလေ  နင့်ဂတိက ဘာလဲ”
 ကျွန်တော်သည်  အခုထိ အဖြေမှန် မသိ ရသေးပါ။ အဘယ်ကြောင့် ဆိုသော် သူမတောင်း သော
ဂတိသည်ကား
“မင်းဒီည ငါနဲ့ အိပ်ရမယ်  နောက်နေ့ မိုးလင်းတော့  မင်းကိုအဖြေမှန်ပြောပြမယ်လေ”
ဟုဖြစ်လေတော့ သတည်း။
  မှတ်ချက် ။   ။ ကောင်မလေးတွေ  သွားပြောလို့   ပါးရိုက်ခံရရင် ကျွန်တော်ကို အပြစ်မတင်နဲ့ နော်။

2 comments:

မြစ်ကျိုးအင်း said...

အဖြေမသိလို့ ဘာမှ မဖြစ်ဘူးကိုယ့်လူ
ဒါမျိုးတော့ ငြင်းသာငြင်း..

(မနာလို၍ အချွန်နှင့် မ သည်)

ကြည်ဖြူပိုင် said...

ဟားဟားဟား
တကယ်လား? တကယ်ဆိုရင်တော့တယ်မလွယ်တဲ့တရုတ်မလေးပဲ...
:D