08 August 2010

ပခြုပ်ဆိုင်

ညင်သာကြည်ဖြူ အပေးအယူ
မို့ မောက်လျံထွက် စကပ်အနက်
မပွင့် တပွင့်ဖွင့်  လှစ်ဟ၍
ရနံထုံသင်း  မြူဆွယ်ရင်း

လာပါ ယူပါ  ခေါ်ကာပေး၍
ခါချဉ်ကောင်စုတ်   ဤကျွန်ုပ်လည်း
မာန်စွယ်ဝင့်လျက်
တောင်ဖြိုမည့်ဟန်  ကြံပါသော်လည်း
မိုင်ထောင်ဝေးကွာ  ချစ်သက်လျာရဲ့
အလှတစ်ကွက်  မမေ့ရက်ကို
မျက်ဝါးထင်ထင်  စိတ်မှာမြင်လို့ 
စိတ်ကိုအသာချုပ်  သက်ပြင်းမူတ်၍
နောက်သို့ လှည့်၍  ပြန်ခဲ့သည်...... 







No comments: