စက်ဝိုင်း
မြက်ရိတ်ဓါးသွား ဖြတ်သန်းသမျှ
နုနုအိုအို မြက်ရိုင်းပင်တို့ 
မြေသို့ ခရင်း ဝပ်ကာဆင်းလည်း
နောက်များမကြာ တောရိုင်းပမာ
ရွက်ဖါးရှည်ရှည် ရွက်နုဝေ၍
မြက်ရိတ်ဓါးသွား ပြန်ဖြတ်ခံသည်။
မြက်ပင်ပမာ ငါတို့ စိတ်လည်း
တဏှာလောဘ အမြစ်မပြတ်သရွေ့ 
ဖြတ်သော်လည်းပဲ မဆဲနိုင်ဘဲ
ဘဝခန္ဓာ ငှားယူပြန်၍
သံသရာစက်၌ လည်စင်းခံသတည်း။
No comments:
Post a Comment