14 August 2010

လောဘ


ငါ  ခလေးဘဝတုန်းက 
အမေက  မှာထားတယ်
အိမ်အပြင်ထွက် မဆော့နဲ့ 
ငါလမ်းပေါ်မှာ တနေကုန်ကစားခဲ့ တယ်။

ငါ  လောကကြီးထဲ ခြေလှမ်းအစ
ငါကိုးကွယ်တဲ့ ဘုရားက
ငါးပါးသီလ လုံအောင်ထိန်းတဲ့ 
ငါ အားလုံး ချိုးဖောက်ခဲ့ တယ်။


ငါမပျော်တဲ့ အရပ်မှာ
ငါမလုပ်ချင်တဲ့  အလုပ်တွေနဲ့ 
ငါရှင်သန်နေတာ
လူ့ သက်တမ်း   ခေါက်ရိုးကျိုးပြီ 
ငါ့ ကိုဘယ်သူ့ မှ   ဇွတ်တားမနေဘူး
ငါ့ ဇာတိပြန်ဖို့  ငါ့ မှာအားအင်မရှိ။



No comments: