09 August 2010
ကားသရဲ
                                   အခန်း (၁)
ကျွန်တော် သူရဲ နှင့် ကိုယ်တွေ့ ကြုံခဲ့ ရပုံလေးပြန်ပြောပြချင်ပါသည် ။
လွန်ခဲ့ သော ဆယ့်ငါးနှစ်လောက်ကပေါ့ ဗျာ....
ကျွန်တော်သည် ကျောင်းပြီးထားသော် လည်း အလုပ်အကိုင် မယ်မယ် ရရမရှိဘဲ ဖြစ်နေချိန်
မိဘတွေကို နားပူ နားစာလုပ်၍ မော်ဒယ်နိမ့် အောက်ကားများ အား ပြု ပြင်၍ ဝယ်ရောင်းလုပ်နေသောအချိန်ကာလကပေါ့ .....
တစ်နေ့  ကျွန်တော် ၏ အလွန်
        " ဟေ့ မောင်ဇော်ထက်  ငါ့ ခဏလောက် လိုက်ကူ ညီပါအုံးကွာ"
  လက်ဖက်ရည် မှာသောက်ကြရင်း
        " ဘာကိစ္စလဲ ဘကြီးသောင်းရ"
        “ ငါ့ သမီး အငယ်မကွာ မနက်ဖြန် နတ်ကန္နားပွဲ ပေးချင် လို့  အဲဒါ မင်းဆီ က
        “ဘကြီးသောင်းကလည်း ကျွန်တော် နတ်ကတော်မှ မဟုတ်တာ”
       “ ဇော်ထက် မင်းကတော့ တလွဲပြောရောမယ် နတ်ပွဲနဲ့  မင်းနဲ့ ဘာမှမဆိုင်ဘူး မင်းကားနဲ့            
         ပစ္စည်းသယ်ချင် လို့  ”
      “ဘယ်လောက်ကြာမှာလဲ နောက်လေကာ မှန်တွေ တပ်မလို့  ကားကပြင်လို့ မပြီးသေးဘူး”
ကျွန်တော် သည် လုပ်လက်စအလုပ်မပြီးမှာစိုး၍  ငြင်းရန်စကားစရှာလေတော့ သည်။သို့ သော် သူ၏ကျေးဇူးများ  ကျွန်တော့် အပေါ် များစွာရှိလေ၏။ ကျွန်တော်ဝယ် သမျှကားအစုတ်များ
သူ့ ကျေးဇူးကြောင့် လမ်းပေါ်ေ၇ာက်၍ ပြန် ရောင်းနိုင်ခြင်း ဖြစ်၏။ ယခုကားမှာလည်း သူ၏မိတ်ဆွေ
ပိုင်ခဲ့ သောကား ဖြစ်၏။ ထိုကားပိုင်ရှင်သည် အရက်အလွန် သောက်သူဖြစ်၍ ကားဂိတ်တွင်ရပ်နားထားစဉ် ဦးနှောက်သွေးကြော ပြတ်ပြီး ကားပေါ်တွင်သေဆုံးသွားခဲ့သူဖြစ်သည်။ထိုသူ သေပြီးဂျောင်ထိုးထားသော ထိုကားအား ဈေးသက်သာစွာဖြင့် ကျွန်တော်ဝယ်ယူခဲ့ ခြင်းဖြစ်လေသည်။
“ဘကြီးသောင်း ဘယ်လောက်ကြာမှာလဲ  ဆီထည့် ပေးမှာလား” ဟုမေးလိုက်ရာ
“မောင်ရင် ရစ်မနေနဲ့ အလွန်ဆုံး တစ်နာရီပေါ့ ကွာ အချိန် မရှိတော့ ဘူး သွားရ အောင်” ဟုပြော ၍ ကျွန်တော် လည်းငွေထုတ်ရှင်းပြီး  ဆိုင်မှနာရီအား ကြည့် လိုက်ရာ ညနေလေးနာရီ တောင်ထိုးနေပြီ။
                                               အခန်း(၂)
 ကျွန်တော်သည် သူပြောသော လမ်းအများအတိုင်းမောင်းရင်း ရပ်ကွက် တခု၏ လမ်းထိပ်တွင် ကားအားရပ်နားလိုက်သည်။
ဘကြီးသောင်းလည်း လမ်းထဲသို့  သူလုပ်စရာ ရှိသည်များလုပ်ရန် ဝင်သွား လေတော့ သည်။ ကျွန်တော် လည်း နာရီ ဝက် ခန့် စောင့် ပြီးနောက် ပုံးတစ်ပုံးထမ်းထားသော လူတစ်ယောက်နှင့်အတူ ပြန်ရောက်လာလေသည်။ ကျွန်တော် လည်းထို ပုံးအား ကားပေါ်တွင်နေရာချပြီးနောက် ထိုသူအားနူတ်ဆက်ပြီး လာလမ်းအတိုင်း ဦးပြန်လှည့် လိုက်တော့ သည်။
“ ဘာပုံးကြီးလည်း ဘကြီးသောင်းရ”
“ဟေ့ ကောင် ပေါက်ကရ လျှောက်ပြောမနေနဲ့  နတ်ဆက်ဖို့ မပြော ကောင်းဘူး” ဟု ကျွန်တော်အား မာန်လေ တော့သည်။
ကျွန်တော်လည်းရယ်မော ပြီး “အယူကြီးလိုက်ကြတာဗျာ” ဟုပြောပြီး ကားလေးအား
ဆက်မောင်းလာခဲ့တော့ သည်။
ပါရမီလမ်းဆုံ နားမရောက်မှီ ကားဘီးသည် ချိုင့် တခုထဲ အရှိန်ပြင်းပြင်းတစ်ချက် ကြသွားခဲ့သည်
“ဒုံး”
“မောင်ရင် အရှိန်နည်းနည်းလျော့မောင်း” ဟုဘကြီးသောင်းမှ သတိပေး၍ ကျွန်တော်လည်း ပုံမှန်လေး ဆက်မောင်းလာခဲ့သည်။ ဤတွင် ဇတ်လမ်းစခဲ့သည် ကို နောင်တွင်မှ သိခဲ့ တော့သည်။
                                           အခန်း(၃)
 “မောင်ရင် မင်းဘာလို့  ဒီကားအချောင်ရ တာလဲသိလား”
“ဘကြီးကျေးဇူး ကြောင့်ပေါ့ဗျာ” ဟုပြန်ဖြေလိုက်၏။
 “နိုး နိုး..မဟုတ်ဘူး မောင်ရင် ဝယ်မယ့်သူ မရှိလို့ ကွ သိရဲ့ လား”
“ဘာဖြစ်လို့ လဲဗျ”
“ဘာဖြစ်ရမလဲ ဒီကားက သရဲခြောက်လို့ ဝယ်မယ်သူ မရှိတာပေါ့ ”
 “ဘကြီးသောင်း ပေါက်ကရ မပြောစမ်းပါနဲ့  ကျွန်တော် အယုံအကြည် မရှိဘူး
နောက်ထပ်ရရင် လိုချင်သေးဗျာ” ဟု ပျက်ရယ်ပြု၍ ပြန်ပြောလိုက်လေ တော့ သည်။
“အေးပါ မင်းမယုံလဲ ပြီးတာပဲ ခေတ်လူငယ်တွေ တယ်ခက်တာကိုး” ဟု ညည်းညူ၇င်း အသံတိတ်စွာ
နေလေတော့သည်။
                                  အခန်း(၄)
   ကျွန်တော် ပြောမည့်တာပြောရသည် သူ့ စကားကြောင့် စိတ်ထဲ တစ်မျိုးတော့ ဖြစ်သွား၏။ လမ်းပေါ်တွင်
လည်း မှောင်ရိပ်က သန်းလာလေသည် ဆောင်းလေ ကလည်းအေးစ ပြုလာပြီ ထိုစဉ် ကျွန်တော့ ဂုတ်ပိုးပေါ်
ရေစက်လေးများလာစဉ် သဖြင့် ကြက်သီးလေးများပင် ထသွားသေး၏။
ကျွန်တော်လည်း ဆင်ခြင်ကြည့်  ရာကားနောက်ခန်း ငါးပုံးမှေ၇စက် ဟုဆင်ခြင်ဆုံးဖြတ်လိုက်တော့ သည်။
 ကျွန်တော်တို့  အတွေးကိုယ်ဆီဖြင့်  မောင်းလာစဉ်...
 “ဖျတ် ..ဖျတ်” ဟုသော အသံအားကြားရတော့သည်
“ဘာသံလဲ ဘကြီးသောင်းရ ”
 “ကားအောက်က အသံလာတာပဲ တခုခုများညိပြီး ကားအောက်ကပါလာတယ်ထင်တယ်”
ကျွန်တော် လည်း ဘကြီးသောင်းအား စချင်၍
“ဘကြီးသောင်းသူငယ်ချင်း ကားပိုင်ရှင်များ အောက်ကလိုက်လာသလား မသိဘူး”
“ဒီကောင် ပါးစပ် စည်းမရှိ ကမ်းမရှိကွာ” ဘကြီးသောင်းကြောက်တတ်သည်ကို ကျွန်တော်သိ ရ၍
“ကားပိုင်ရှင် ပါလာရင် အသံပေးစမ်းပါ” ဟုပြောလိုက်ရာ စကားပင်မဆုံးခင်
“ဒုံး ဒုံး ဒုံး”
“အောင်မလေးဗျ” ဟုသော ဘကြီးသောင်း၏ လန့် အော်သံ ကားအောက်ဆီမှ တဒုံး ဒုံးထုသံကြောင့်
ကျွန်တော်လည်း ခေါင်းကြီးသွားတော့သည်။ တဆက်တည်းဆိုသလိုပင် ဘကြီးသောင်းမှ အထစ်ထစ်အ
ငေါ့ ငေါ့ ဖြင့်
“ သရဲ ...သရဲ..ငါ့ကိုအောက်ကနေ လက်သီးနဲ့  ထိုးတယ်ဟ”
ကျွန်တော်လည်းသူ့ စကားသံ အဆုံးတွင် ကားအားလမ်းဘေးသို့  ဆွဲချ၍ ရပ်လိုက်တော့သည်။
နေရာကား သုဝဏ္ဏအား ကစားကွင်းရှေ့ ဂုံးတံတားခြေရင်း မရောက်တရောက် နေရာတွင်ဖြစ်၏။
ပတ်ဝင်းကျင်ကြည့်လိုက်တော့ သစ်ပင်အရိပ်တွေနှင့် လမ်းမီးများကလည်း မလင်းပေ။ ကျွန်တော်လည်း
ကားပေါ်မှ ကပျာကယာဆင်းပြီး ကားအောက်သို့  ငုံကြည့်၍ ကားအားစစ်ဆေးကြည်ရာ ဘာမှထူးထူးခြားခြား
မတွေ့ ရပေ။ ဘကြီးသောင်းအား လှမ်းကြည့်လိုက်တော့ ကျွန်တော့အား ပြူးကြောင်ကြောင်နှင့် ကြည့်နေ၏။
ကျွန်တော်လည်း ဆောင်းလေအေးအေးတွင် ဇောချွေးများပြန်လာလေတော့သည်။ ထိုသို့ စဉ်းစားမရသော ပြဿနာနှင့် ခေါင်းစားနေခိုက် ပါပလေကာအဖြူလေး တစ်စင်းသည် ကျွန်တော်တို့ ကားအား ကျော်ရပ်၍
ယာဉ်ထိန်းရဲ နှစ်ဦးသည်ကားပေါ်မှ ဆင်းလာပြီး
“ညီလေး ကားပျက်နေတာလား ဒီမှာကားရပ်လို့  မရဘူးဆိုတာမသိဘူးလား”
“ကားပျက်လို့ မဟုတ်ဘူး ကားမှာ....”
“ဒုံး..ဒုံး” “သရဲ ..သရဲ”
ကျွန်တော့်၏ စကားမဆုံးခင် ကားဆီမှ တဒုံးဒာုံးထုသံ များထွက်လာပြီး ဘကြီးသောင်းလည်း သရဲဟု အော်ကာကားပေါ်မှ ဆင်းလာပြီး ကျွန်တော်တို့ ၏ ဘေးတွင်လာရပ်နေ၏။ ယာဉ်ထိန်းရဲနှစ်ဦးလဲ အသံများကြားရ၍ ထင်၏ ကားအားတစ်လှည့် ကျွန်တော်တို့ အားတစ်လှည့် စူးစမ်း၍ကြည့်နေ၏။ ထိုစဉ် ကားဆီမှ “ဒုံး” ဟုအသံတစ်သံ ထပ်ထွက်လာလေရာ ကျွန်တော်တို့ အားလုံးသည် ကားအား အံဩစွာကြည့်နေကြတော့သည်။ ကျွန်တော်နှင့် ဘကြီးသောင်း၏ မျက်နှာတွင် ချွေးသီးများပင်ခိုတွဲနေတော့သည်။
        ထိုသို့  သောအခြေအနေတွင် အားကစားကွင်းမှ တာဝန်ကျ ရဲတစ်ယောက်ထွက်လာပြီး
“ခင်ဗျားတို့  ဘာဖြစ်နေတာလဲ”ဟု မေးလေ၏။ယာဉ်ထိန်းရဲ တစ်ယောက်က ဖြေလေသည်
“ဒီလူတွေ ပြောတာပဲ အဲဒီကား သရဲခြောက်တယ်လို့ ”
   ဘကြီးသောင်းမှလည်း “ဟုတ်တယ် ကားထဲမှာ သရဲ ရှိတယ်”
ထိုရဲသည် အပြစ်တင်ချင်သော အထင်သေးသောလေသံဖြင့်
“ယောကျာ်းတွေ ဖြစ်ပြီး သရဲဘောနည်းလိုက်တာ ဘယ်မှာလဲ သရဲလာစမ်း” ဟုပြောပြီးအလွန်သတ္တိကောင်းဟန်ဖြင့် ကားတံခါးအားဆွဲဖွင့်လိုက်ရာ
“ဒုံး ဒုံး ဒုံး” ဟုသောအသံသည် ကားခေါင်းခန်းအတွင်း မှထွက်လာလေတော့သည်။ထိုသူလည်း
အနောက်သို့  ခုန်လိုက်ပြီး ကျွန်တော်တို့ အား ပြန်ကြည့်လေ၏။
    ကျွန်တော်ကပင် အားလုံးကို လောဆော်လိုက်ပြီး
“လာကြဗျာ ကျွန်တော်တို့ အားလုံးဝိုင်းပြီ အဖြေရှာလိုက်ရအောင်” ဟုဆိုပြီးကားဆီသို့  ချဉ်းကပ်လိုက်သည်။
ကျွန်တော်၏ ဘက်သို့ ယာဉ်ထိန်းရဲတစ်ယောက် လိုက်လာပြီး ဘကြီးသောင်းတို့ ဘက်၌ သုံးယောက်သား
ကား၏ဘေးတံခါးအား ပြိုင်တူဆွဲဖွင့် လိုက်ကြသည်။
ကားခေါင်းခန်းအတွင်း   ကြမ်းပြင်၌ ဘာမှမရှိ ဘာမှမတွေ့ ရပေ။ စစ်ရန်ကျန်သည်ကား ထိုင်ခုံပင် ဖြစ်တော့သည်။ ထိုကား၏ ထိုင်ခုံကား ဆလွန်ကားများကဲ့သို့ သော ကူရှင်ဆိုဖာမဟုတ်ပေ။
အရင်ကားပိုင်ရှင် လက်စွမ်းပြထားဟန်တူသော သစ်သားဖြင့် ရိုက်ထားသော သေတ္တာပုံစံပုံးသာဖြစ်၏။
မျက်နှာပြင် သုံးဘက်သာ သစ်သားများရိုက်ထားပြီး အနောက်ဖက်နှင့် အောက်ဖက်ခြမ်းအား လွတ်ထားသော
ခုံတန်းရှည် ပုံစံသာဖြစ်လေ၏။ ကျွန်တော်လည်း ထိုင်ခုံအပေါ်ခြမ်းအား ဆွဲလှန်လိုက်ပြီး
မသိမသာလေးနောက်သို့ ဆုတ်လိုက်လေသည်။ဘာမှမထူးခြား မှထိုင်ခုံအတွင်းအား စစ်ကြည့်သည်။မှောင်နေ၍ ဘာမှ မတွေ့ ရပေ။ ဘကြီးသောင်းတို့ ဘက်မှ ရဲသားက သူ့ လက်ထဲမှ နံပါတ်တုတ်ဖြင့် ထိုင်ခုံအား “ဘယ်မလဲ ခွေးမသား သရဲ” ဟုဆိုကာ ရိုက်လေ၏။
“ဒုံး”
“ဝုန်း”
“အား”
“အမယ်လေးဗျ”ဟုသော အသံပေါင်းစုံ နှင့်အတူ အရိပ်မည်း တစ်ခုသည် ခုန်ထွက်လာပြီး ရဲသား၏
မျက်နှာအား ဝင်ဆောင့် လေတော့သည်။ ရဲသား တုတ်ဖြင့် ရိုက်သောအသံ၊ ထိုင်ခုံအဖုံး လွတ်ကျသံ၊
ဘကြီးသောင်းတို့ အော်သံ၊ မြင်လိုက်ရသော အရိပ်တို့ ကြောင့် ကျွန်တော် သည်လိပ်ပြာလွင့် မတတ်လန့် 
သွားပြီး ရင်သည်လည်းတဒိန်းဒိန်း ခုန်နေတော့သည်။
  ဘကြီးသောင်းအား လှမ်း ကြည့်လိုက်ရာ လမ်းပေါ်တွင် ပက်လက်လန်ပြီး လဲနေ၍ သူ့ အပေါ်တွင် ရဲနှစ်ယောက် ကပိနေလေတော့သည်။ ကျွန်တော်တို့ လည်းသူတို့ အား ဆွဲထူပေးလိုက်ကြသည်။
ဘကြီးသောင်းအားဆွဲ အထူ သူ၏ကျွတ်ကျနေသော ပုဆိုးအတွင်းမှ ထွက်ကျ လာသောအရာသည်ကား......
ကျွန်တော်တို့ အား ဒုက္ခပေးသော ကားသရဲ ယောင်ဆောင်သော နတ်ဆက်မည့်
 ကိုရွှေငါးရံ့ ပင်ဖြစ်လေတော့သတည်း။
No comments: